Monday 21 December 2009

သူ့ကောက်ကြောင်းနဲ့ လ ဒီဇင်ဘာ

သူ့ကောက်ကြောင်းနဲ့ လ ဒီဇင်ဘာ
လူ့သက်တမ်းတခုမှာ
ရှားရှား ပါးပါး
ကြုံတောင့် ကြုံခဲ
ရတောင့် ရခဲ
လရောင်နဲ့
ကန္တာရမှာပေါက်တဲ့
ခရီးသွား ခရီးသည်။

ဗမာ့သွေးပြောင်
ဗိုလ်မင်းရောင် သွေး
တရွေးသားမှ မလျှော့
ဖခင်ဓားကို သွေး
ပြည်သူ့အတွက် အရေးဆို။

လ ဒီဇင်ဘာ
နေ မသာလည်း
ပြည်ရွာကောင်းကျိုး
သူသယ်ပိုး
တပ်ဦးမှာ
ပြည်သူ့တပ်မှူးကြီး
နေ့ထူး နေ့မြတ်
သူရှာဖွေးရင်း
ခြေသံရှင်းရှင်းနဲ့ ထွက်လာခဲ့။

အမေများ အမေ
လ ဒီဇင်ဘာ
မြကမ္ဗလာ
လရိပ်သာမှာ
ဗိုင်းလည်းငင်နေပေါ့။

မမေ့ရိုးရာ
ဓလေ့ပျော်မွေ့
သူ့ ရင်တွင်းဖြစ်
သံစဉ်သစ်ရှာ
သူ့ ရပ်ရွာကို
ထမင်းရည်ချောင်းစီး
ငွေမောင်းကြီးလည်း တီးစေလိုသူ။

လ ဒီဇင်ဘာ
အေးရိပ်သာဝယ်
ရွှေလင်ပန်းနဲ့
အချင်းဆေးပြီး
သားချော့တေးလည်း
သီဆိုချင်သူ။

လ ဒီဇင်ဘာ
ကြယ်ခင်းသာ၏
လက်ဆုံစကား
လက်ဆုံပွား၍
ည လကွယ်လည်း
ဗိုင်းငင်နေရဲ့။

လ ဒီဇင်ဘာ
မြတ်မြန်မာ ပြာသိုလမှာမို့
မြခွာညိုပန်းတွေလည်း ပွင့်နေကြပေါ့။