Tuesday 2 February 2010

ပြည်ထောင်စု အမျိုးသားကောင်စီ မြန်မာနိုင်ငံ (NCUM) ဖွဲ့စည်းခြင်း


ပြည်ထောင်စု အမျိုးသားကောင်စီ မြန်မာနိုင်ငံ (NCUM) ကို ပြည်တွင်းနိုင်ငံရေး ဦးဆောင်အဖွဲ့များမှ ဖွဲ့စည်း



ပြည်ထောင်စု အမျိုးသားကောင်စီ မြန်မာနိုင်ငံ (National Council of Union of Myanmar) ကို ပြည်တွင်း ပြည်ပရှိ နိုင်ငံရေး အင်အား အဖွဲ့ အစည်းပေါင်း (၁၂၀) ကျော်ဖြင့် ဖွဲ့စည်း ထားသည့် ဂျီအေဘီ အင်အားစုကြီး ၏ ပြည်တွင်း နိုင်ငံရေး ဦးဆောင် အဖွဲ့ ဖြစ်သည့် အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု အကောင် အထည် ဖေါ်ရေး ကော်မီတီ မှ ပြည်တွင်းရှိ တိုင်းရင်းသား ခေါင်းဆောင် (အချို့) နှင့် ပူးပေါင်းပြီး နိုင်ငံရေး တိုက်ပွဲများကို အောင်ပွဲ ရသည်ထိ ဆက်လက် ဦးဆောင် သွားနိုင်ရန် ယနေ့ နံနက်ပိုင်းက တိုးချဲ့ ဖွဲ့စီး လိုက်ကြောင်း သတင်း ရရှိပါသည်။

ပြည်ထောင်စု အမျိုးသားကောင်စီ မြန်မာနိုင်ငံ (NCUM) မှ ပြည်ပ ပြောရေးဆိုခွင့် ရှိသူ ကိုရွှေစင်ထွန်းမှ ယခုလို တိုးချဲ့ ဖွဲ့စည်း ရခြင်းနှင့် ပတ်သက်ပြီး ယခုလို ပြောပြပါသည်။ ကျွန်တော်တို့ ပြည်ထောင်စု အမျိုးသားကောင်စီ မှာ မြန်မာပြည် အနယ်နယ် အရပ်ရပ်ရှိ တိုင်းဒေသ များမှ ဒီမိုကရေစီ အင်အားစုများ၊ ပြည်နယ် ဒေသ များမှ တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုများ၊ နှင့် (တိုင်းရင်းသား ငြိမ်းအဖွဲ့ ဒီမိုကရေစီအင်အားစုများ) တို့မှ ပူးပေါင်းပါဝင် ဦးဆောင် ဖွဲ့စည်းခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေဖြင့် အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု အကောင်အထည်ဖော် လုပ်ဆောင် နိုင်ရေးတွင် တိုင်းရင်းသား ခေါင်းဆောင်များ၊ အဖွဲ့အစည်းများမှ တညီ တညွတ်တည်း တန်းတူ ပါဝင် ဦးဆောင် ရေးသည် မဟာဗျူဟာ မြောက်သည့် နိုင်ငံရေး ရှေ့လုပ်ငန်းစဉ် တရပ်အဖြစ် ယုံကြည်သည့် အတွက် တိုင်းရင်းသား ခေါင်းဆောင်များ အား တိုင်းပြည်၏ အမျိုးသား ခေါင်းဆောင်များ အဖြစ် တဆင့် တက်ပြီး ဦးဆောင် မှုတွင် ပါဝင် နိုင်ရေး အတွက် ရည်ရွယ်ပါတယ်၊ ရှေ့ဆက် လုပ်ဆောင် ကြမည့် စေ့စပ် ဖြန်ဖြေ ဆွေးနွေး ခြင်းမှ အစ နိဂုံးချုပ် အဆုံးအဖြတ် ပေးမည့် တိုက်ပွဲအထိ အလုပ် တခုချင်းစီ နှင့် ခြေလှမ်း တလှမ်း ရှေ့သို့ လှမ်းတက်တိုင်း တစ်မျိုးသားလုံး လွတ်မြောက်ရေး အတွက် အာမခံချက် အပြည့် ဖြစ်နိုင်ရေး အတွက်လည်း အလေးအနက် ရည်ရွယ်ပါတယ်။

အနာဂါတ်တိုင်းပြည် တည်ငြိမ် အေးချမ်းမှု ရရှိ နိုင်ရေးသည် ဖယ်ဒရာယ်ပြည်တောင်စု တခု တည်ဆောင်နိုင်မှ ရရှိမည် ဖြစ်သည်။ နိုင်ငံရေး တန်းတူညီမျှမှု ရှိရေး နှင့် လွတ်လပ်စွာ အတူ ယှဉ်သန် တိုးတက်မှု ရရှိရေး အတွက် ဖယ်ဒရာယ်ပြည်ထောင်စု တည်ဆောက် နိုင်ရေး မူကို ကိုင်စွဲပြီး အတူ တကွ စုစည်း ညီညွတ် စွာဖြင့် ဒီမိုကရေစီ အောင်ပွဲ ရသည်ထိ ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

နအဖ စစ်အစိုးရမှ ဦးဆောင် ကျင်းပ ပေးမည်ဆိုသည့် ၂ဝဝ၈ (နာဂစ်) ခြေခံဥပဒေအား အခြေခံသည့် ရွေးကောက် ပွဲသည် တရားဝင် စစ်အုပ်ချုပ်ရေး အသွင်အဖြစ် (သို့) စစ်ဂိုဏ်းဂဏ အုပ်ချုပ်ရေး အသွင် အဖြစ်သို့ ပြောင်းလဲ ရေးသာ ဖြစ်ပါတယ် ထိုကနေ တဆင့် လွှတ်တော်တွင်း ပြုပြင် ပြောင်းလဲ ရေးသည် နောင် နှစ်ပေါင်း ၂ဝ ကျော် ကြာမည်ဆိုလျှင် တိုင်းရင်းသား ပြည်သူ အားလုံးတို့၏ ဘဝများသည် တိုင်းတပါးသားများ၏ လက်ဝေခံ ဘဝများ အဖြစ်သို့ ကျရောက် သွားမည် ဖြစ်ပါတယ်။ ဒါကြောင့် ၂ဝ၁ဝ ရွေးကောက်ပွဲအား ကျွန်တော်တို့မှ ပြတ်သားစွာ ဆန့်ကျင်ပြီး နအဖ စစ်အုပ်ချုပ်ရေး ယန္ဒရားသည် အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲများ အပြီးတွင် လုံးဝ ပျောက်ကွယ် သွားရန် ၊့ ပြည်သူ လူထုအား အမှန် တကယ် ကိုယ်စား ပြုမည့် အစိုးရ တရပ်ကို အဆုံး အဖြတ် ပေးမည့် တိုက်ပွဲများ အကြားတွင် ဖွဲ့စည်းပြီး အသွင် ကူးပြောင်းသည့် ကာလများအား ဆက်လက် ဦးဆောင် သွားရန် နှင့် တိုင်းပြည်အား ကမ္ဘာအဆင့်မှီ တိုင်းပြည် အဖြစ်သို့ ရောက်ရှိနိုင်ရန် နေ့ချင်း ညချင်း ပြန်လည် တည်ဆောက်ရန် ပြည်ထောင်စု အမျိုးသားကောင်စီ မြန်မာနိုင်ငံ (NCUM) ကို ဖွဲ့စည်းရခြင်း ဖြစ်ပါတယ်။

အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအကောင်အထည် ဖေါ်ဆောင်ရေး ကော်မီတီ သည် ပြည်တွင်းရှိ နိုင်ငံရေး မြေအောက် အဖွဲ့ (၁၄) ဖွဲ့ နှင့် ပူးပေါင်း ဖွဲ့စည်းထားသော အဖွဲ့ ဖြစ်သည်။


၁ . ၂ . ၂၀၁၀ l HTWD